fbpx

အိမ်ရှင်မဘဝမှ ပီဇာစားဖိုမှူးဖြစ်လာသူ

March 23, 2022


မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ တကယ့်ကို ဆန်းကြယ်ပါတယ်။

မဇွန်ဟာ သူ့သားလေးနှစ်ယောက်ရဲ့ အနှစ်ခြိုက်ဆုံးအစားအစားဖြစ်တဲ့ ပီဇာကို ကိုယ်တိုင်လုပ်ကျွေးချင်တာကြောင့် အိမ်ရှင်မဘဝကနေ အိမ်ချက်စားဖိုမှူးဖြစ်လာခဲ့သူပါ။ ကလေးတွေက ပီဇာသိပ်ကြိုက်တာ တွေ့ရတော့ သူမအနေနဲ့ ပီဇာလုပ်နည်းသင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ကိုယ့်သားသမီးတွေကို ပျော်ရွှင်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။

သင်တန်းတက်လိုက်ရကျိုးနပ်တယ်လို့ ပြောရပါမယ်။ ကလေးတွေက မဇွန် အိမ်မှာလုပ်တဲ့ ပီဇာကို ကြိုက်လွန်းလို့ ခဏခဏလုပ်ကျွေးဖို့ ပူဆာပါတယ်။ ဒီလိုနဲ့ပဲ အိမ်မှာ ပီဇာနဲ့ပါးစပ် ပြတ်တယ်လို့ကို မရှိတော့ပါဘူး။ နောက်တော့ မိသားစုတွေကလည်း အားပေးတာနဲ့ သူမရဲ့ အိမ်ချက်လက်ရာ အစားအစာတွေရောင်းမယ်ဆိုပြီး “Brunch Kitchen” ကို စတင်ဖြစ်သွားတယ် ဆိုပါတော့။

ဒါပေမယ့် အိမ်မှာဟင်းချက်ကောင်းတာ မဇွန်တစ်ယောက်ထဲတော့ မဟုတ်ပေဘူး။ အမျိုးသားဖြစ်သူကလည်း တရုတ်၊ ထိုင်း၊ မလေးရှားနဲ့ ဥရောပ အစားအစာတွေကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ စားဖိုမှူး ဇနီးမောင်နှံနှစ်ယောက်သား ကောင်းနိုးရာရာဟင်းပွဲတွေကို ကိုယ်ပိုင်လက်ရာနဲ့ ဖန်တီးကြတာပေါ့လေ။ 

သူတို့ရဲ့လက်ရာ ကောင်းမကောင်း အဆုံးအဖြတ်ပေးတဲ့ အကဲဖြတ်ဒိုင်တွေကတော့ သူတို့ရဲ့ သားလေးနှစ်ယောက်ပေါ့။ ကလေးတွေအကြိုက်တွေ့မှ‌ ရောင်းတန်းဝင်ဟင်းပွဲအဖြစ် မီနူးပေါ်တင်ခွင့်ရတာက မဇွန်တို့အိမ်မှာ ထုံးစံကိုဖြစ်နေပါပြီ။

ပိတ်ရက်နဲ့ အားလပ်ရက်တွေဆို မိသားစုလေးယောက်သား ပီဇာကိုစိတ်ကြိုက် အိမ်မှာ လုပ်စားလေ့ရှိကြပါတယ်။


There’s something very special and powerful about a mother’s love.

Ma Zune, a mother of two little boys, transformed herself from a homemaker to a home chef so that she can make her kids’ favourite food, pizza. Seeing that her kids enjoy eating pizza so much, she decided to take a pizza-making course. All she wanted was to be a good mother who can make her kids happy.

And guess what? Ma Zune’s effort wasn’t put in vain. Her homemade pizza became the favorite snack of her kids. Pizza meals are now a regular dish in her home. Encouraged by the support of her family, she was motivated to open “Brunch Kitchen” to start selling her homemade foods.

However, Ma Zune isn’t the only good cook in the household. It turns out that her husband is also a professionally trained chef of Chinese, Thai, Malaysian, and European cuisines. Together, this chef couple recreates many tasty dishes by putting their own spin to them.

Of course, the final judges of their cooking are their two kids. All the items must get approval from the little foodies first to appear on the menu. It is an unspoken rule in the family.

On weekends and holidays, Ma Zune’s family of four usually holds a pizza party at home.


Leave a Reply