ကိုမျိုး လျှောက်လှမ်းခဲ့တဲ့ ဘဝခရီးလမ်းက အနိမ့်အမြင့်အတက်အကျတွေနဲ့ ပြည့်လို့နေပါတယ်။ အသက် ၂၄ နှစ်မှာ မလေးရှားနိုင်ငံကို အလုပ်သမားအဖြစ် ထွက်ခွာခဲ့တာက သူ့ဘဝရဲ့ စွန့်စားခန်းကြီးတစ်ခုပါပဲ။ အစုံသုပ်လို ရသမျှ အကုန်လုပ်ရင်းနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ မီးဖိုချောင်အကူဝင်လုပ်ဖြစ်ခဲ့တယ်။
စိတ်ကောင်းရှိတဲ့ ဘော့စ်နဲ့ဆုံတွေ့ခဲ့တာက ကိုမျိုးဘဝကို အလှည့်အပြောင်းဖြစ်စေခဲ့တယ်လို့ ဆိုရမှာပါ။ အချက်အပြုတ်ပညာကို သူသင်ယူခွင့်ရခဲ့တယ်။ အဲဒီနှစ်ကာလတွေက စင်္ကာပူနဲ့မလေးရှားနိုင်ငံကို ကူးချီသန်းချီခရီးသွားလာရင်း ဘော့စ်ရဲ့ ဆိုင်ခွဲတွေမှာ လုပ်ကိုင်ခဲ့တဲ့ အချိန်တွေပေါ့။
ကိုမျိုးရဲ့ ဒုတိယမြောက် စွန့်စားခန်းက မလေးရှားနိုင်ငံမှာ ကြက်ဆီထမင်းဆိုင်ဖွင့်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်လေးတစ်ခု အစပျိုးနိုင်ဖို့ သူစိတ်ကူးနေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ မျှော်မှန်းထားတာတွေ ဖြစ်မလာခဲ့ပါဘူး။ လက်တွေ့မှာ ဆိုင်က အရှုံးပေါ်ခဲ့တယ်။ ဒီတော့ကာ လက်လျှော့မလား၊ ဆက်ကြိုးစားမလား ရွေးချယ်ရပါတော့တယ်။
ဒုတိယလမ်းကိုရွေးပြီး ကိုမျိုး ဆက်လျှောက်ခဲ့ပါတယ်။ ပထမတစ်ခေါက်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေကို သုံးသပ်ပြီး ဒုတိယအကြိမ်မြောက် ဆိုင်ထပ်ဖွင့်နိုင်အောင် သူကြိုးစားပြန်တယ်။ ဒီတစ်ခါမှာတော့ သူ့ရဲ့ စင်္ကာပူစတိုင်လ် ကြက်ဆီထမင်းဟာ ဒေသခံတွေကြားမှာ လူကြိုက်များပြီး ပေါက်သွားခဲ့ပါတယ်။ ကြိုးစားမှုတွေ အချည်းအနှီး မဖြစ်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်မှာ ကိုမျိုး မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်။ ဆိုင်ချက်ချင်းမဖွင့်နိုင်သေးဘူး။ ၃ နှစ်လောက် တရုတ်စကားပြန်၊ အင်္ဂလိပ်စကားပြန်လုပ်ရင်း ကိုမျိုးတစ်ယောက် ပိုက်ဆံစုရသေးတယ်။ ၂၀၂၁ နှစ်စရောက်တော့မှပဲ သူ့ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ သန်လျင်မှာ “MK ကြက်ဆီထမင်း” ဆိုပြီး ဆိုင်ဖွင့်ဖြစ်သွားတော့တယ်။
Ko Myo had his fair share of ups and downs in his life. At the age of 24, he decided to work abroad and went to Malaysia as a laborer. The first big adventure of his life journey. He picked up whatever jobs he could find and finally, landed up on a restaurant stint.
Luckily, he met a good boss and got the opportunity to learn the skills of a chef. During those years, he traveled back and forth between Malaysia and Singapore, working at the branches of his boss’s restaurant.
The second big adventure was when Ko Myo opened his own chicken rice shop in Malaysia. Starting a food shop has always been his dream. However, life dragged him down and he hit a brick wall — the shop was a failure. He had two choices: give up or keep pursuing his goal.
Obviously, Ko Myo chose the second option. With the lessons learnt from his first attempt, he tried a second time. This time around, it took off. His Singapore-style chicken rice became popular among the locals and he regained his confidence.
In 2018, Ko Myo came back to Myanmar. He needed money to continue his chicken rice shop, so he worked as a Chinese and English translator for 3 years and saved enough money. Finally, at the start of 2021, he opened “MK Chicken Rice” in his native city, Thanlyin.
Leave a Reply