တစ်နေ့တာကို အစပြုဖို့ ကော်ဖီတစ်ခွက်ထက် ပိုကောင်းတာ ဘာရှိဦးမလဲ။ (ဖြစ်နိုင်တာက ပိုကြီးတဲ့ ကော်ဖီခွက်ပေ့ါ။) တော်ရုံသာမန် အရသာလောက်ကို စာမဖွဲ့တဲ့ ကော်ဖီချစ်သူဆိုရင် သင့်ကိုစိတ်ပျက်မသွားစေမယ့် ကော်ဖီတစ်မျိုးရှိနေလေရဲ့။ အဲ့တာကတော့ Coffee Charm ပါပဲ။ သင်အခုသိသွားပြီ ဆိုပါတော့။
ကော်ဖီယဥ်ကျေးမှုက လူတွေရဲ့ နေ့စဥ်ဘဝမှာ အမြစ်တွယ်နေပြီလို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့ကိုအနည်းဆုံး ကော်ဖီတစ်ခွက်တော့ အောက်ထစ် လူတိုင်းနီးပါး သောက်နေကြလို့ပါပဲ။ မနက်ခင်းအိမ်မှ သောက်ရင်သောက်၊ ဒါမှမဟုတ် နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်မှာ သောက်ရင်သောက်၊ မဟုတ်ရင် ရုံးအပြန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်ဖြစ် ကော်ဖီကို သောက်ဖြစ်နေကြတာပါ။ ကော်ဖီက ဘဝရဲ့ အဓိပ္ပါယ်ရှိတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ အခုဒီစာကို ဖတ်နေတဲ့သူလည်း ကော်ဖီကြိုက်သူတစ်ယောက် ဖြစ်နေနိုင်တယ်လေ။ (ဟုတ်တယ်မလား။)
သတင်းကောင်းကတော့ ကော်ဖီချစ်သူတွေအတွက် Coffee Charm မှာ သင့်စိတ်ကြိုက်ရွေးချယ်လို့ရမယ့် အရသာသုံးမျိုးရှိနေတယ် ဆိုတာပါပဲ။ ‘ပုံမှန်’ ကိုရွေးချယ်မယ်ဆိုရင် ပြင်ဦးလွင်ထွက်ကော်ဖီရဲ့ သဘာဝကျမျှတတဲ့ အရသာကို ခံစားနိုင်မှာပါ။ ‘ချိုစိမ့်’ ကတော့ အမည်တိုင်း အနည်းငယ်အချိုပိုပြီး ‘ခါးစိမ့်’ က ကော်ဖီကို ပြင်းပြင်း၊ ခါးခါး သောက်တတ်သူတွေနဲ့ အံကိုက်ဖြစ်စေမှာပါ။ ကော်ဖီဖျော်စက်နဲ့ ဖျော်လို့ရသလို အသင့်သောက်ကော်ဖီတွေလိုမျိုး ခွက်ထဲ တစ်ခါတည်း ထည့်ဖျော်လို့လည်း ရတယ်ဆိုတော တကယ့်ကို အဆင်ပြေပါတယ်။
“အဆင်ပြေပေမယ့် ကော်ဖီမသောက်ရတဲ့ နေ့ထက် အဆင်မပြေပေမယ့် ကော်ဖီသောက်ရတဲ့ နေ့က ပိုကောင်းတယ်” ဆိုတဲ့ စကားပုံလိုပေ့ါ၊ ကောင်းမွန်တဲ့နေ့ရက်တိုင်းကို Coffee Charm နဲ့ဖြတ်သန်းကြရအောင်။
Nothing beats a good cup of coffee to start your day….only perhaps a bigger cup of coffee? Well, if you are a coffee connoisseur, you’d probably know of Coffee Charm!
Coffee culture is deeply ingrained in our daily life that most of us consume at least one cup of coffee a day – in the morning at home, during lunch break at work or anytime during the day when you need a pick-me-up.
The good news is that for coffee lovers, Coffee Charm has three different flavors you can choose to suit your taste. With ‘Pone Mhan,’ you will get a balanced taste of premium quality fine ground coffee which comes from Pyin Oo Lwin. ‘Cho Seint’ leans into a slightly sweeter side, and ‘Khar Seint’ is for those who like their coffee strong and bitter. You can either use a coffee maker or brew it in the cup, just like instant coffee. So it’s super convenient!
As the saying goes, “a bad day with coffee is better than a good day without it.” Your day just gets better with Coffee Charm!
Leave a Reply