မယုနဲ့ မသဲတို့ဟာ ကလေးဘဝ အသက် (၇) နှစ်အရွယ်ကတည်းက တစ်ကျောင်းတည်းတက်ခဲ့ပြီး အတူတူကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တကယ့် ညီအစ်မအရင်းတွေထက်တောင် သူတို့က ပိုရင်းနှီးကြသူတွေပါ။
သူငယ်ချင်းနှစ်ဦးက ဟင်းချက်ဝါသနာပါတာခြင်းလည်း တူပါတယ်။ ငယ်ငယ်လေးကတည်းက အိမ်မှာ အမေဟင်းချက်ရင် ဝိုင်းကူပေးနေကြပေါ့။ သူတို့ကိုယ်တိုင် ပြင်ဆင်ထားတဲ့ အိမ်ချက်လက်ရာ အစားအသောက်တွေကိုလည်း ကျောင်းကအတန်းဖော်တွေအတွက် ယူသွားလေ့ ရှိပါတယ်။
ဘော်ဒါတွေစုံကြပြီဆိုရင် အချက်အပြုတ်တာဝန် ဘယ်သူယူမလဲ မေးစရာကိုမလိုဘူး၊ မယုနဲ့ မသဲက ပင်တိုင်စားဖိုမှူးတွေပါပဲ။ သူတို့က ဟင်းချက်ကောင်းကြတာကိုး။ တက္ကသိုလ်ကတည်းက ယနေ့အချိန်အထိ အဲ့တာက အစဥ်အလာတစ်ခုလိုကို ဖြစ်နေပါပြီ။ ချစ်ခင်ရင်းနှီးသူတွေအတွက် အစားအသောက်ကောင်းတွေ ပြင်ဆင်ပေးရတာက သူတို့အတွက် ကျေနပ်ပီတိ ဖြစ်စရာပါ။
နှစ်ပေါင်းများစွာကြာပြီးနောက်မှာ မယုနဲ့ မသဲတို့ဟာ မိခင်တွေ ဖြစ်လာကြပါပြီ။ သူတို့ရဲ့ ဟင်းချက်ဝါသနာဟာ ထက်သန်မြဲ ထက်သန်ဆဲပါပဲ။ တစ်ယောက်အိမ်တစ်ယောက် အလည်သွားကြရင်း မိသားစုအတွက်နဲ့ “Homemade” အတွက် ဟင်းပွဲတွေကို ငယ်သူငယ်ချင်းနှစ်ဦး ပျော်ရွှင်စွာ ချက်ပြုတ်လေ့ရှိပါတယ်။
မယုနဲ့ မသဲရဲ့ ကလေးတွေကလည်း သူတို့တုန်းကလိုပဲ ကစားဖော်ကစားဖက်တွေအဖြစ် ကြီးပြင်းလာကြပါပြီ။ ကြားဖူးနေကြ စကားပုံတစ်ခုလိုပေါ့၊ မိသားစုဆိုတာ စိတ်နှလုံးပျော်မွှေ့ရာ နေရာမဟုတ်ပါလား။
Ma Yu and Ma Thae are childhood friends who attended the same school and have grown up together since 7 years’ old. They are closer to each other than real sisters.
One of the same traits the two friends possess is their love for cooking. From a young age, they used to help their mothers in the kitchen. They often made home-cooked foods and brought them to school to share with their schoolmates.
Whenever their friends have a gathering, the catering would be undertaken by Ma Yu and Ma Thae. It has become a tradition among their circle of close friends till today. They always feel delighted in making foods to treat their loved ones.
Many years have gone by, and now they have both become mothers themselves. Their passion for cooking have never been stronger than before. They visit each other’s homes frequently and happily prepare meals for the family and for “Homemade.”
Just as the two of them have done in the past, their kids are also growing up together as playmates. As the old saying goes, family is where your heart is!
Leave a Reply