ပန်းမြို့တော်လို့ နာမည်ကျော်ကြားတဲ့ မြန်မာနိုင်ငံက မြို့လေးအကြောင်း ကြားဖူးကြလား။ သာယာတဲ့ရာသီဥတု၊ စိမ်းလန်းတဲ့တောအုပ်တွေနဲ့ လှပတဲ့တောင်တန်းတွေက ပြင်ဦးလွင်မြို့ရဲ့ ဆွဲဆောင်မှုတွေပါပဲ။ နွေရာသီမှာ သွားရောက်လည်ပတ်ဖို့၊ နေထိုင်ဖို့ အကောင်းဆုံး မြို့လေးတစ်မြို့ဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့ရဲ့ ထင်ရှားမှုတွေအကြောင်းပြောရင် ဒေသထွက်ကုန်တွေကိုလည်း ချန်ခဲ့လို့ ဘယ်ဖြစ်မလဲ။ အထူးသဖြင့် ဝိုင်ပေ့ါ။ အခုဆိုရင် ပြင်ဦးလွင်မှာ မက်မန်းဝိုင်ရော စပျစ်ဝိုင်ရော ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိနေပါပြီ။ ဝိုင်လုပ်ငန်းဖွံ့ဖြိုးလာတာက ဆယ်စုနှစ်တစ်ခုလောက်ပဲ ရှိဦးမယ်ဆိုပေမယ့် အဲ့မတိုင်ခင်ကတည်းက မိသားစုလိုက် တပိုင်တနိုင် ဝိုင်ထုတ်လုပ်သူတွေကတော့ ရှိကြတယ်။ ဒီအထဲမှာ အဏ္ဏဝါတို့မိသားစုလည်း ပါဝင်ပါတယ်။
“အဏ္ဏဝါတို့က ပြင်ဦးလွင်ဇာတိကပဲ။ ၁၉၉၀ ခုနှစ်ကစပြီး ဝိုင်လုပ်ဖြစ်တာ။ အစကတော့ ကိုယ့်မိသားစုသောက်ဖို့ရယ်၊ ဆွေမျိုးတွေ အသိအကျွမ်းတွေကို လက်ဆောင်ပေးတယ်ပေ့ါနော်။ နောက်ကြတော့ လူတွေကြိုက်ကြတယ်၊ ရောင်းပေးပါဆိုပြီး ပြောကြတာနဲ့ ၂၀၁၈ ခုနှစ်မှာ လုပ်ငန်းတစ်ခုအနေနဲ့ သေချာ စလုပ်ဖြစ်သွားတယ်” လို့ အဏ္ဏဝါက ပြောပြပါတယ်။ ဝိုင်ပြင်းပြင်းမကြိုက်တဲ့သူတွေအတွက် အဏ္ဏဝါမက်မန်းဝိုင်က ကွက်တိပါပဲ။ အရက်မရောထားဘဲ သဘာဝမက်မန်းသီးရယ် သကြားရယ်ပဲ သုံးပြီးဖောက်ထားတာမို့ အရသာချိုချိုလေးနဲ့ မိန်းကလေးတွေသောက်လို့လည်း အဆင်ပြေတယ်လေ။
ချစ်ရသူနဲ့ ဒိတ်တဲ့အခါသောက်မလား၊ သူငယ်ချင်းတွေ ပျော်ပွဲစားထွက်ရင်ပဲ ယူသွားမလား၊ မွေးနေ့ပွဲကျင်းပတဲ့အခါလား … အဏ္ဏဝါက အခါသမယမရွေး အားလုံးနဲ့ လိုက်ဖက်စေမှာပါ။ ဒါမှမဟုတ် အိမ်မှာဝယ်ထားပြီး ပြင်ဦးလွင်မြို့လေးကို လွမ်းတဲ့အခါတိုင်း ထုတ်သောက်ပေ့ါ။ သဘာဝမက်မန်းဝိုင်ရဲ့ ချိုမြမြအရသာလေးက စိတ်ကြည်နူးစေပါလိမ့်မယ်။
Have you heard of a beautiful city in Myanmar known as the city of flowers? Pyin Oo Lwin is famous for its relatively cool weather, green forests, and scenic hills, which make the city a popular destination for a summer getaway.
Of course, when talking about the attractions of Pyin Oo Lwin, you can’t leave its local products out, especially the wine. It’s only around a decade or so since the winery business has started booming. Now there are over a hundred local wineries producing grape and damson wines in Pyin Oo Lwin. Like Anawar’s family, most of them had started indulging in wine brewing as a family business.
“Our family is of Pyin Oo Lwin native,” Anawar said. “It was in 1990 that we first tried producing damson wine. In the beginning, we produced just enough for the family and to give our relatives and friends as a present. But people liked it a lot, and we saw an increase in demand. So in 2018, we decided to enter the local wine market.” she added. If you can’t handle strong wines, Anawar Damson Wine is right up your alley. The wine is produced using only natural damson fruits and sugar without mixing alcohol. The taste is mildly sweet and perfect for girls to drink too.
Whether it’s a date with your beloved one, a picnic with buddies or for a birthday celebration, Anawar is suitable for all occasions. Take a sip and you will be delighted for sure!
Leave a Reply