fbpx

လက်ဖက်ရည်ကြိုက်တဲ့ ကောင်မလေး

March 23, 2022


ဆုက မောင်နှမတွေထဲမှာ အငယ်ဆုံးပါ။ ကျောင်းပြီးလို့ ဘွဲ့ရတော့ မိသားစုစီးပွားရေးမှာ ဝင်ကူပါတယ်၊ အတွေ့အကြုံရအောင်ပေါ့။

၂၀၁၉ ခုနှစ်၊ သူမအသက် ၂၃ နှစ်မှာ “BUDDY” ကို စတင်ဖြစ်ခဲ့တယ်။ ဆုက ကျောင်းသူဘဝကတည်းက Bubble tea ခရေဇီလေ။ ဘယ်လောက်ထိကြိုက်လဲဆိုရင် တစ်ရက်ကို လက်ဖက်ရည်တစ်ခွက် မသောက်ရရင် မနေနိုင်တဲ့သူပါ။ ဒါနဲ့ပဲ ကိုယ်ပိုင်လုပ်ငန်း လုပ်မယ်စဥ်းစားတော့ Bubble tea ရောင်းမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ ဘိုဘာပုလဲလုံးလေးတွေပါဝင်တဲ့ ဒီလက်ဖက်ရည်အေးက လူကြိုက်များနေတာ ကြာပါပြီ။ ပေါ်ပြူလာဖြစ်ချက်က Facebook တို့ Instagram တို့မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာတဲ့အထိပါပဲ။

ဒါပေမဲ့ ဆုက လူကြိုက်များတာတစ်ခုတည်းကြောင့် Bubble tea ရောင်းဖို့ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ သူမကိုယ်တိုင်လည်း တကယ်နှစ်ခြိုက်တယ်။ စလုပ်တဲ့ လုပ်ငန်းတစ်ခုကိုလည်း တကယ်အောင်မြင်အောင် လုပ်မယ်လို့ စိတ်ဆုံးဖြတ်ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

အားလပ်ချိန်တွေဆိုရင် ဆုတစ်ယောက် လက်ဖက်ရည်အေးလေးသောက်ရင်း အိုင်ဒီယာအသစ်အဆန်းလေးတွေကို Pinterest မှာမကြာခဏ ဝင်ရှာဖွေတယ်။ ပြီးတော့ Bubble tea လာဝယ်တဲ့ ဖောက်သည်တွေနဲ့ ဖော်ဖော်ရွေရွေ စကားပြောဆိုလေ့ ရှိပါတယ်။


Su is the youngest child of the bunch. After graduating, she worked at her family business to gain experience.

Su was only 23 years old when she started “BUDDY” in 2019. Her motive was quite simple actually. She has always been a hardcore bubble tea fan since her student days. She loves it so much that she can’t pass a day without taking a sip of it. So when she decided to stand on her own feet, her choice was obviously a bubble tea business.

Over the years, this cold brew tea with boba pearls has become a favorite drink of many youths and teenagers in Myanmar. It even went on to become an internet sensation on Facebook and Instagram because of its popularity. 

However, Su didn’t begin her bubble tea adventure to merely follow the trend. She has an overflowing passion and vision to make her brand grow into a household name among bubble tea lovers.

During her spare time, Su likes to sip a cup of bubble tea while browsing Pinterest to look for new ideas for her business. She also enjoys chatting and building beautiful friendships with her customers.


Leave a Reply