ဦးမျိုးက ပခုက္ကူသားဖြစ်ပြီး ဒေါ်နွယ်ကတော့ ညောင်လေးပင်ဇာတိ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၂ နှစ်ကို ပြန်သွားကြည့်ရအောင်။ ဒေသကောလိပ်ကနေ ကျောင်းပြီးကာစ လူငယ်နှစ်ယောက်အကြောင်းပေါ့။
မတူညီတဲ့ဒေသက သူတို့နှစ်ဦးဟာ ရန်ကုန်မှာ စုံစည်းဖို့ အကြောင်းပါလာခဲ့တယ်။ ဦးမျိုးနဲ့ဒေါ်နွယ်ရဲ့ ခင်မင်ရင်းနှီးမှုက အလုပ်ခွင်တစ်ခုတည်းမှာ အလုပ်သင်အဖြစ် ဆုံတွေ့တာကနေ အစပြုပါတယ်။ သီးပင်စားပင်စိုက်ရတာကို ဝါသနာထုံတာခြင်း တူညီတဲ့ သူတို့ဟာ အလုပ်ဝင်တော့လည်း စိုက်ပျိုးရေးဝန်ကြီးဌာနမှာ အတူတူပဲ။ ဒီလိုနဲ့ အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း နှစ်ကာလတွေကြာလာတဲ့အခါ သူငယ်ချင်းသံယောဇဥ်ကနေ တစ်ဆင့်တိုးကာ ချစ်ခင်စုံမက်သွားတယ် ဆိုပါတော့။
အစိုးရအလုပ်ကနေ ပင်စင်ယူပြီးချိန်မှာ ဇနီးမောင်နှံနှစ်ဦးဟာ မန္တလေးမှာနေထိုင်ဖို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေစိုက်ပျိုးဖို့ မြေလွတ်တစ်ကွက်ကို ဝယ်ဖြစ်ခဲ့တယ်၊ တပိုင်တနိုင် ခြံလုပ်ငန်းလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ အကြောင်းတိုက်ဆိုင်တယ်ပဲ ပြောရမလား၊ လေလံပွဲတစ်ခုကနေ ဂိုဒေါင်ဟောင်းတစ်ခုကိုလည်း ရခဲ့တယ်။ အဲ့တာကပဲ ဦးမျိုးနဲ့ဒေါ်နွယ်ကို ၂၀၁၄ ခုနှစ်မှာ ကြက်မွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်ဖြစ်ဖို့ အကြောင်းဖန်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
လွှတ်ကွင်းကျယ်ဖြင့် မွေးမြူတဲ့စနစ် (လွှတ်ကျောင်းစနစ်) ရဲ့ အကျိုးကျေးဇူးကို ပြည်တွင်းမှာ လူသိများပြီးလက်ခံလာအောင် ဇနီးမောင်နှံနှစ်ဦး တက်ညီလက်ညီ ကြိုးစားကြပါတယ်။ လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးထားပြီး စိတ်ဖိစီးမှုကင်းတဲ့ ပတ်ဝန်းကျင်မှာ မွေးမြူခြင်းရဲ့ရလဒ်က လွှတ်ကြောင်းကြက်ဥတွေကို သာမန်ကြက်ဥတွေထက် အာဟာရတန်ဖိုး ပိုမြင့်မားစေခြင်းပါပဲ။
လက်ရှိအချိန်မှာဆိုရင် ဦးမျိုးနဲ့ဒေါ်နွယ်တို့ဟာ သူတို့ရဲ့ “အတီး” စိုက်ပျိုးမွေးမြူရေးခြံတွေကို မကြာခဏသွားလည်လေ့ရှိပြီး သီးပင်စားပင်တွေ စိုက်ပျိုးရင်း ကြက်ဥတွေကောက်ရင်းနဲ့ နေ့ရက်တွေကို အေးချမ်းစွာ ဖြတ်သန်းလျက် ရှိပါတယ်။
U Myo was originally from Pakokku city and Daw Nwe was a native of Nyaunglebin city. 42 years ago, they were still youths, having freshly graduated from their respective local colleges.
They met in Yangon where they came to continue their on-the-job-trainings. Having the same interest in farming was what brought them closer, and they became friends. Later, they both worked at the Department of Agriculture. While pursuing their careers as government servants, their friendship gradually developed into a relationship, and they fell in love with each other.
After retiring from government jobs, the married couple moved to Mandalay and bought an empty yard to grow vegetables and fruits. They planned to rekindle their farming hobby. They also happened to win a warehouse from an auction. That was how they got into the free-range chicken farming business.
As chickens are allowed to roam freely and raised in a stress-free way, the nutritional quality of free-range eggs is higher than that of regular eggs. U Myo and Daw Nwe are truly enthusiastic about promoting the importance of animal welfare to the locals.
Now, the elderly couple visits their “Ah Tee” farms frequently and enjoy their days peacefully by growing plants and picking up eggs.
Leave a Reply